bg-kv

OxygenOS 11

အလွန့်အလွန် ချောမွေ့

OxygenOS 11 က နှစ်သက်ဖွယ်ကောင်းအောင် ရိုးရှင်းသော်လည်း ပေါ်လွင်ထင်ရှားသည့် ဒီဇိုင်းနှင့် သင့်အား ကြိုဆိုနေပါသည်။ အရာရာတိုင်းကို ကောင်းတကာ့ အကောင်းဆုံး ပြီးပြည့်စုံအောင် လုပ်ဆောင်ပေးထားပါသည်- နေ့စဉ်လုပ်ဆောင်ချက်များကို ထိရောက်အကျိုးရှိအောင် လုပ်ဆောင်လိုက်ပါ၊ အရေးကြီးသောအရာများကို ဝင်ရောက် သုံးစွဲရန် အလိုအလျောက် လက်ဟန်များဖြင့် ပိုမိုထိရောက်စွာ နေရာညွှန်လိုက်ပါ၊ ပိုပြီးကိုယ့်အကြိုက်နှင့်ကိုက်ညီသော သုံးစွဲသူ အတွေ့အကြုံကို ခံစားလိုက်ပါ။ ကျွန်ုပ်တို့၏ မယုံနိုင်လောက်အောင် ထူးခြားသည့် အဖွဲ့အစည်းနှင့် ပူးတွဲဖန်တီးထားသော OxygenOS 11 က ပရိသတ်အကြိုက်ဆုံး နောက်ဆုံးပြန်လည်ဆန်းသစ်မှု ဖြစ်ပါသည်။

လူတိုင်းအတွက် ကွက်တိကိုက်ညီအောင် ဖန်တီးထားသည်

လှပပြီး ပေါ်လွင်ထင်ရှားသလို OxygenOS က အမြဲတမ်း အလိုအလျောက် ဆောင်ရွက်ပေးပြီး စီးမျောခံစားနိုင်စေသည်။ ရနိုင်သောနေရာကို အကောင်းဆုံးအကျိုးရှိရှိ အသုံးချရန် ရွှေအချိုးကို အသုံးပြုထားပြီး မွမ်းမံမြှင့်တင်ထားသော ခေါင်းစီးမှ စာကိုယ် အဆင့်ဆင့် ဆင့်စီမှုကြောင့် အရေးကြီးသော အချက်အလက်များကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်သည်။ အရောင်အသွေးများ၊ အလင်းအမှောင်ခြားနားချက်နှင့် အရောင်အလွှာများကို ပြောင်းလဲချိန်ညှိခြင်းဖြင့် အသစ်တစ်ဖန် အဆင့်မြှင့်ထားသည့် အမှောင်စနစ်က အကြောင်းအရာကို ဖတ်ရှုရ ပိုမိုလွယ်ကူစေသည်။

personalized personalized personalized
personalized personalized personalized
personalized personalized personalized
personalized personalized personalized
personalized personalized personalized

ပုံပြခန်း – လေ့လာဖော်ထုတ်ပါ

personalized personalized personalized
personalized personalized personalized
darkMode phone golden-line

ပုံစံနှင့် လုပ်ဆောင်ချက် ကိုက်ညီမှု

မျက်နှာပြင်များ တဖြည်းဖြည်း ပိုမိုကြီးမားလာသည်နှင့်အမျှ အသုံးမပြုသည့် အဖြူရောင် နေရာလွတ်လည်း များလာသည်။ ကျွန်ုပ်တို့၏ ပြန်လည်ဆန်းသစ်ထားသော UI ပုံစံက ပိုမိုကြီးမားသော ပြသမှုမျက်နှာပြင်များတွင် လက်တစ်ဖက်တည်းဖြင့် အသုံးပြုနိုင်အောင် ပုံမှန် Android သုံးစွဲမှုအတွေ့အကြုံကို အကောင်းဆုံး ချိန်ညှိခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းပေးသည်။ OxygenOS 11 က အရေးကြီးအချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်အောင် ဦးစားပေးလျက် ထိနှိပ်ထိန်းချုပ်ရန် ခလုတ်များကို သင့်လက်မနှင့် ပိုနီးသောနေရာသို့ ပြောင်းထားပေးသည်။ ရလဒ်က ဘယ်လိုလဲ။ ပိုမိုသဘာဝဆန်သည့် ခံစားချက်နှင့် ပိုမိုချောမွေ့သည့် အတွေ့အကြုံအတွက် ပိုမိုလွယ်ကူမြန်ဆန်စွာ လက်တစ်ဖက်တည်းဖြင့်ပင် အသုံးပြုနိုင်သည်။

UI UI
UI UI

အမြဲဖွင့်ပြသမှု

သင်က တောင်းဆိုလိုက်ရုံပါ။ ကျွန်ုပ်တို့က နားထောင်ဖြည့်ဆည်းပေးပြီးသား ဖြစ်သည်။ OxygenOS 11 ၏ AOD ပုံစံအသစ်များက သင့်မျက်နှာပြင်ကို စိတ်ကြိုက်ဖန်တီးနိုင်အောင် ပိုမိုများပြားသော စိတ်လှုပ်ရှားဖွယ် ရွေးချယ်စရာများဖြင့် သင်၏ သာမန် ပြသမှု အချက်အလက်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးသည်။

alwaysDisplay
alwaysDisplay alwaysDisplay alwaysDisplay alwaysDisplay alwaysDisplay

Canvas AOD

Canvas သည် ပျော်ရွှင်တက်ကြွစေသော AOD အသွင်အပြင်သစ် ဖြစ်ပြီး တစ်မူထူးခြားသောဟန်ပန်ဖြင့် လှပပြီး ကိုယ်ပိုင်ပုံစံဖြစ်သော လော့ခ်မျက်နှာပြင် သုံးစွဲရသည့် အတွေ့အကြုံကို ပေးစွမ်းပါသည်။ ယခု သင့်ဖုန်းကို လော့ခ်ဖွင့်သည့်အခါ Canvas AOD က သင့်အကြိုက်ဆုံး အလှပုံကို ထူးခြားပြီး ဆွဲဆောင်မှုရှိသည့် နောက်ခံပုံအဖြစ် ချောမွေ့စွာ ပြောင်းလဲပေးပါမည်။

canvasAod
canvasAod

Bitmoji AOD

OnePlus နှင့် Snapchat တို့ပူးပေါင်း၍ ပျော်ရွှင်စရာ Bitmoji AOD ကို ပံ့ပိုးပေးထားသည်။ သင်၏ Bitmoji ကိုယ်စားပြုပုံဖြင့် ဝန်းကျင် ပြသမှုမျက်နှာပြင်ကို အသက်ဝင်လာအောင် လုပ်ဆောင်ပါ။ သင့်ရဲ့ Bitmoji က သင့်လှုပ်ရှားမှုနှင့် သင့်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အရာများပေါ် အခြေခံပြီး ၎င်း၏ အပြုအမူကို တစ်နေ့လုံး တောက်လျှောက် အပ်ဒိတ်လုပ်ပါမည်။ Bitmoji AOD က သီချင်းနားထောင်ခြင်း၊ ဂိမ်းကစားခြင်း သို့မဟုတ် မိုးရွာသည့်နေ့၌ အပြင်ထွက်ခြင်းစသည့် သင့်ဘဝလှုပ်ရှားမှုများကို ဖန်တီးမှုကောင်းကောင်းဖြင့် အမိအရ မှတ်တမ်းတင်ပေးသည်။

*မကြာမီလာမည်။

bitmoji bitmoji bitmoji bitmoji

Insight AOD

insight

OnePlus သည် နယူးယောက်ရှိ ဂုဏ်သတင်းကြီးသော Parsons ဒီဇိုင်းကျောင်းမှ ရည်မှန်းချက်ကြီးသည့် ဒီဇိုင်းကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ထားသည်။ ရလဒ်က ဘယ်လိုလဲ။ တစ်မူထူးခြားပြီး သက်ဝင်တက်ကြွသည့် AOD က သင့်၏ ကျန်းမာရေးနှင့်ညီညွတ်သော ဒစ်ဂျစ်တယ် သုံးစွဲမှုအလေ့အထကို အဓိကထားပါသည်။ သင့်ရဲ့ စမတ်ဖုန်းကို လော့ခ်ဖွင့်သုံးဖို့ အချိန်နည်းနည်းသာပေးပြီး ဘဝပျော်ရွှင်မှုအတွက် အချိန်ပိုပေးပါ။

Zen Mode 2.0

သင် အခု အခြားသူများနှင့်အတူ အနားယူနိုင်ပါပြီ။ အပ်ဒိတ်လုပ်ထားသော Zen စနစ်ဖြင့် သင့်သူငယ်ချင်းများကို Zen နေရာတွင် အတူတူအနားယူရန် ဖိတ်ခေါ်နိုင်ပါသည်။ တည်ငြိမ်သည့် အဖြူရောင်အသံကြောင့် ယခင်ကထက် ပိုပြီးအလွယ်တကူ အနားယူနိုင်သည်။ စကားပြောဆိုမှု သို့မဟုတ် အနီးအနားရှိ လှုပ်ရှားဆောင်ရွက်မှုကို အာရုံစူးစိုက်ရန် အဖွဲ့ဖွဲ့၍ တစ်သားတည်း စုစည်းလိုက်ပါ။ ငြိမ်သက်အေးချမ်းသည့် သံစဉ် ငါးမျိုးဖြင့် စိတ်တွင်းငြိမ်းချမ်းမှုကို ရှာဖွေပါ- သမုဒ္ဒရာ၊ အာကာသ၊ မြက်ခင်းပြင်၊ တရားထိုင်ခြင်းနှင့် နေထွက်ချိန် - တစ်မျိုးစီတွင် စိတ်ချမ်းမြေ့စေသည့် အသံများ ပါဝင်သည်။

တည်ငြိမ်သည့် နောက်ခံအသံ လုပ်ဆောင်ချက်ကို OnePlus Zen စနစ်နှင့် Tide APP အဖွဲ့တို့က ပူးပေါင်းဖန်တီးထားပါသည်။

zenMode zenMode
zenMode zenMode
zenMode zenMode
zenMode zenMode
zenMode zenMode

OnePlus Games

OnePlus Games ဖြင့် သင့်ဂိမ်းများကို ပင်မစုစည်းခန်းတစ်ခုထဲသို့ အလိုအလျောက် ရွေးချယ်စုစည်းပေးသည်။ Gaming စနစ်နှင့် Pro Gaming စနစ်တို့က အဆင့်မြှင့်တင်မှုများနှင့် မှားယွင်းထိနှိပ်မှု ကာကွယ်ရေးတို့ဖြင့် သင့်ဂိမ်းကစားသည့် အတွေ့အကြုံကို ပိုမိုကောင်းမွန်စေသည်။

gameExperience
gameExperience
游戏界面
横板手机框 横板手机框

OnePlus Switch

သင့်အဆက်အသွယ်များ၊ မက်ဆေ့ချ်များနှင့် ဓာတ်ပုံများကဲ့သို့ ဒေတာများကို ပြောင်းရွှေ့ခြင်း၊ ဘက်ခ်အပ်လုပ်ခြင်းနှင့် ပြန်လည်ရယူခြင်းတို့က မခက်ခဲပါ။ OnePlus Switch က ၎င်းကို အခက်အခဲမရှိ ဆောင်ရွက်ပေးပါသည်။

dataTransmission
dataTransmission
dataTransmission
dataTransmission
android11

Android 11

Android 11 ပေါ် အခြေခံထားသည့် ကျွန်ုပ်တို့၏ ချီးကျူးမှုအပြည့်အဝ ရရှိထားသော OxygenOS တွင် အသုံးဝင်သော လုပ်ဆောင်ချက် အမြောက်အများ ထည့်သွင်းထားသည့်အတွက် စက်ပိုင်းဆိုင်ရာ အဆင့်မြင့်ထိန်းချုပ်မှုများ၊ စကားပြောဆိုမှုများ၊ ကိုယ်ပိုင် အချက်အလက် ဆက်တင်များနှင့် အခြားအရာများစွာကို စီမံခန့်ခွဲရန် ပိုမိုလွယ်ကူသော နည်းလမ်းများကို ပေးသည်။

  • * Disclaimer: Product images and display contents are illustrative only. Actual product and display contents may vary.

OnePlus Oxygenos